ရှမ်းပြည်နယ် ပင်လုံမြို့နယ်ခွဲ ဟဲနန်းကျေးရွာ တွင်
နေထိုင်သူ ဦးအောင်ခင်ထံမှ ဒီဇင်ဘာလ(၈) ရက်နေ့ က ငွေ(၅၀၀၀)ကျပ်တန်အတုများ
သိမ်းဆည်း ရမိခဲ့ပါတယ်။ ဒုရဲအုပ်ဇော်ဇော်လတ်နဲ့ အဖွဲ့ဝင် (၃)ဦး၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့မှ ၀င်ရောက်ရှာဖွေ ဖမ်းဆည်းခဲ့တယ်လို့သိရပါတယ်။
ဦးအောင်ခင်နေအိမ် အတွင်းက ငွေ(၅၀၀၀)ကျပ်တန်အတု(၂၆၁)ရွက်ကို
ပလက်စတ်အိတ် အမဲဖြင့်ထည့် ထား တာကိုတွေ့ရပြီး ထပ်မံစစ်ဆေးကြည့်တဲ့အခါ
ပင်လုံမြို့အမှတ်(၃)ရပ်ကွက်ရှိ ဦးအောင်ခင်၏ ဇနီး အိမ်တွင်ငွေ (၅၀၀၀)
ကျပ်တန် အတု( (၃၉၅)ရွက်ထပ်မံတွေ့ရှိခဲ့ပါတယ်။
ငွေစက္ကူအတုများလက်ဝယ်ထားရှိမှုဖြ င့် ဦးအောင်ခင်နှင့်ဇနီးကို အမှုဖွင့်အရေးယူထားပြီး ပင်လုံရဲစခန်းတွင် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
shan news
No comments:
Post a Comment