ရောင်းစားခံရသော မြန်မာနိုင်ငံသားများတွင်ရခိုင် (၂)ဦးနှင့်ဗမာ (၂)ဦးဖြစ်ပြီး အသတ်ခံရသူ၂ဦးမှာ ဗမာပြည်မှဖြစ်ကြောင်းသိရသည်။ ၄င်းတို့အားမြဝတီမှပွဲစားတစ်ဦးဖြစ်သူ ခိုင်မင်းညိုမှမဟာချိုင်တွင် အလုပ်လုပ်ရန်ပို့ပေးမည်ဟုဆိုကာ မလေးရှားတွင်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံရောက်အမျိုးသားအရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးဖြစ်သူကိုမျိုးရခိုင်က " မနေ့ကသူတို့အကြောင်းကိုကြားတော့ကျွန်တော်တို့သွားပြီးကူညီပေးခဲ့ပါတယ်။သူတို့ကိုမြဝတီကပွဲစားကိုခိုင်မင်းညိုက မဟာချိုင်ကိုအလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုပြီးခေါ်လာတယ်လို့ ပြောတယ်။သူတို့အားလုံးထိုင်းနိုင်ငံကို အောက်တိုဘာလပိုင်းစရောက်ပြီးတော့ အောက်တိုဘာလ ၂၈ ရက်နေ့မှလှေစထွက်ရတယ်။ ပြီးတော့ဒီဇင်ဘာလ (၁၉) ရက်နေ့ကစပြီးသူတို့ ထွက်ပြေးကြတာလမ်းမှာ (၂)ရက်ကြာသွားတယ်။ အဲဒီမှာသူတို့(၆)ယောက်ထဲက ကိုကုလားလေးနဲ့ ကိုရှမ်းကလေးက အသတ်ခံရပြီးတော့ ကိုရှမ်းကလေးက မသေသေးပဲရေထဲမှာ ကူးနေတာကိုပန်ကာနဲ့ သူတို့ကတိုက်သတ်ပစ်လိုက်တယ်။ ကျန်တဲ့သူတို့ ၄ ယောက်ကထွက်ပြေး လွတ်မြောက်လာကြတယ်။ " ဟုပြောသည်။
ယခုလွတ်မြောက်လာသူများမှာရခိုင်ပြည်၊မြေပုံမြို့နယ်၊ကြက်ချေကျွန်းမှအဖဦးဗိုလ်ကျော်၏သားမောင်ဗိုလ်သန်းအသက် (၂၅)နှစ်၊ မင်းပြားမြို့နယ် အောက်ရွာမှအဖဦးညို၊ အမိဒေါ်စံနုတို့ရဲ့သားမောင်မောင်သန်းအသက် (၃၄)နှစ်၊မြဝတီ၊ကော့ကရိတ်ကမောင်မျိုးခိုင်ဦးအသက် (၁၉)နှစ်နဲ့ရန်ကုန်မြို့ကမောင်သိန်းလှိုင်အသက် (၂၃) နှစ်တို့ဖြစ်ကြောင်းသိရှိရသည်။
မလေးရှားနိုင်ငံ၊ Kuala Lumpur တွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံတွင်အလုပ်အကိုင်ရှားပါးခြင်း အလုပ်လုပ်ရန်အခွင့်အလမ်းများ မရှိခြင်းတို့ကြောင့်မလေးရှား၊ စင်္ကာပူ ထိုင်း အစရှိသည့်နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်အကိုင်ရှာဖွေရန်ထွက်ခွာမှုများပြားနေသည်။ ထိုနေရာများတွင်အလုပ်ကြမ်းများကို မတရားအခိုင်းခံရခြင်း၊ရိုက်နှက်နှိပ်စက်မှုများ ခံရခြင်းနှင့်အထူးသဖြင့် အမျိုးသမီးငယ်လေးများသည် လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် အရောင်းစားပိုမိုခံနေရကြောင်း သိရသည်။
မှတ်ချက်။ ။ အထက်ပါသတင်းတွင်ပါရှိသော ပွဲစားကိုခိုင်မင်းညိုဆိုသူမှာ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)မှ ကိုခိုင်မင်းညိုမဟုတ်ပါကြောင်း၊ ပွဲစားခိုင်မင်းညိုဆိုသူမှာ အသက်၃၅နှစ်ခန့်ရှိပြီး မည်သူမည်ဝါဆိုသည်ကို ဆက်လက်စုံစမ်းဖော်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
"
ArakanTime
No comments:
Post a Comment