ဒဏ်ရာရတဲ့ ခရီးသည် ၃၃ ဦး တောင်ကုတ်ဆေးရုံမှာ ဆေးကုသခံနေယူကြပြီး တချို့က ဒဏ်ရာပြင်းတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၇ ဦးကို သံတွဲဆေးရုံ ပို့ဆောင်ထားရပြီး ၄ ဦးကို ထပ်မံပို့ရမယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဆေးရုံ တာဝန်ကျတဦးက “ဆေးရုံကို ၃၃ ယောက် ရောက်ပါတယ်။ စိုးရိမ်ရတဲ့သူလည်း ရှိသလို မစိုးရိမ်ရတဲ့သူတွေလည်း ရှိတယ်။ သံတွဲဆေးရုံကို ၇ ယောက် ပို့ပြီးပါပြီ။ ၄ ယောက်လောက် ထပ်ပို့ဖို့လည်း ရှိသေးတယ်။ သေတဲ့သူက အလောင်းတော့ မရောက်သေးဘူး၊ ၁၄ ယောက်လို့ ပြောသံကြားတယ်။ အတည်တော့ မပြုနိုင်သေးဘူး” လို့ ပြောပါတယ်။
ကားပေါ်မှာ ခရီးသည် ၄၀ ၀န်းကျင် စီးနင်းလိုက်ပါလာပြီး သေဆုံးသူအများစုဟာ သံတွဲမြို့ကဖြစ်ကြောင်း၊ တောင်ကုတ်မြို့ခံတဦးလည်း သေဆုံးသွားတယ်လို့ ကားမှောက်တဲ့ နေရာကို သွားရောက်ကူညီပေးနေတဲ့ တောင်ကုတ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာတော့ ကားမှောက်မှုမှာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကလေးငယ် ၁ ဦး သေဆုံးသွားတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။
No comments:
Post a Comment