ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

17 January 2013

ကျွန်တော်တို့လည်း ပင်နယ်တီ ရရှိခဲ့သင့်ပါတယ် – ဆမ် အလာဒွိုက်


article-2263652-16FBB96B000005DC-866_964x309
ဝက်ဟမ်း အသင်း၏ နည်းပြကြီး ဆမ် အလာဒွိုက် က FA ဖလား ပြန်ကန် ပွဲစဉ် ဖြစ်သည့် မန်ယူ အသင်းနှင့် ပွဲစဉ်တွင် မိမိတို့ အသင်း အနေဖြင့်လည်း ပင်နယ်တီ ရရှိသင့်ကြောင်း မကျေမချမ်း ပြောကြားသွားခဲ့သည်။ ဝက်ဟမ်း အသင်းသည် အဆိုပါ ပွဲစဉ်၌ ဝိန်းရွန်နီ၏
အစောပိုင်း သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်နေခဲ့ပြီး ပွဲပြီးခါနီး၌ ဝက်ဟမ်း ကစားသမား ဂျော်ဒန် စပန့် က ဂိုးဧရိယာ အတွင်း ဘောလုံးကို လက်ဖြင့် ထိခဲ့မိသဖြင့် မန်ယူ အသင်းမှာ ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့သည်။ သို့သော် အဆိုပါ ပင်နယ်တီ ပြစ်ဒဏ်ဘောကို ယူနိုက်တက် တိုက်စစ်မှုး ဝိန်းရွန်နီ လွဲချော်ခဲ့သဖြင့် တစ်ဂိုး ဂိုးမရှိဖြင့်သာ ရှုံးနိမ့်သွားခဲ့သည်။ ဆမ် အလာဒွိုက်က မိမိတို့ အသင်း အနေဖြင့် ပေးလိုက်ရသည့် ပင်နယ်တီ အပေါ် လက်ခံသော်လည်း ကွင်းလယ်ဒိုင် ဖီးဒေါ့ အနေဖြင့် မန်ယူ အသင်းအား ပင်နယ်တီ ပေးခဲ့လျှင် မိမိတို့ အသင်းမှာလည်း ပင်နယ်တီ ရရှိခဲ့သင့်ကြောင်း ဝေဖန် ပြောကြားခဲ့သည်။ ယင်းပွဲစဉ်၌ မန်ယူ နောက်ခံလူ ရာဖေးလ် မှာလည်း ဂိုးဧရိယာ အတွင်း၌ ဝက်ဟမ်း ကစားသမား ကဲ့သို့ပင် လက်ထိဘော ကျူးလွန်ခဲ့ကြောင်း သိရပြီး ကွင်းလယ်ဒိုင်မှ မသိကျိုးကျွံပြုခြင်း ခံခဲ့ရသည်။
“ကျွန်တော်တို့ အသင်းလည်း ပင်နယ်တီ ရရှိသင့်ပါတယ်။ ဖြစ်ရပ် ၂ ခုလုံးက ဖြစ်ပွားပုံ အတူတူပါပဲ။ ဒီဖြစ်ရပ် မှာ ကွာခြားသွားတာက ဂျော်ဒန် စပန့် က ဝက်ဟမ်း အသင်းအတွက် ကစားပေးနေသူ ဖြစ်ပြီး ရာဖေးလ် က တော့ မန်ယူ အသင်းအတွက် ကစားပြီး ကွင်းက အိုးထရက်ဖို့ဒ် ဖြစ်နေတာပါပဲ။ ဒိုင်လူကြီး အနေနဲ့ တစ်သင်းကို ပင်နယ်တီ ကန်ခွင့် ပေးခဲ့မယ်ဆိုရင် တခြား အသင်းကိုလည်း ပေးခဲ့သင့်ပါတယ်။” ဟု ဆမ် အလာဒွိုက် က BBC Sport သတင်းဌာနနှင့် တွေ့ဆုံစဉ် ဝေဖန် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။



MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ