ရုရှားရေတပ်
အနေဖြင့် ၎င်း၏ စီမံကိန်း အမှတ် ၂၁၈၂ဝ အရ ထုတ်လုပ်ထားသည့် Dugon အမျိုးအစား
တိုက်ခိုက်ရေး ကမ်းတက်သင်္ဘော ၃ စင်းကို၂ဝ၁၃-၂ဝ၁၄ ခုနှစ်အတွင်း ရရှိလိမ့်မည်
ဖြစ်ကြောင်း ရေတပ် တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီလ ၂၃ ရက်နေ့တွင်
ပြောကြားခဲ့ပါသည်။ Denis Davydov အမည်ရ ပထမဆုံး သင်္ဘောကို ၂ဝ၁၃ ခုနှစ်
ဇွန်လ၊ သို့မဟုတ် ဇူလိုင်လတွင် စတင်ရေချမည် ဖြစ်ပြီး ပင်လယ်ပြင် အတွင်း
စမ်းသပ် မောင်းနှင်မှုများ ပြုလုပ်ပြီးချိန်တွင် ရေတပ်၌ စတင်
အသုံးပြုသွားမည် ဖြစ်ပါသည်။ ဒုတိယ မြောက် သင်္ဘောဖြစ်သည့် Rimsky Korsakov
ကိုမူ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ၊ သို့မဟုတ် အောက်တို ဘာလတွင် စတင်
အသုံးပြုနိုင်မည် ဖြစ်ပြီး တတိယမြောက် သင်္ဘောမှာမူ ၂ဝ၁၄ ခုနှစ်တွင်
ပြီးစီးလိမ့်မည် ဖြစ်ကြောင်း သိရှိရပါသည်။
မြ၀တီ
No comments:
Post a Comment