KIA တပ်မဟာများမှ အထူး
တပ်သားများကို လက်ရွေးစင် ရွေးချယ်ထားပြီး ကချင်ပြည်နယ် မြစ်ကြီးနားနှင့်
အခြား မြို့ကြီးများ သို့ အစိုးရ တပ်သားများ၊ ၀န်ထမ်းများအသွင်ယူကာ
ထိုးဖောက်ဝင်ရောက်ရန် စီစဉ်ေ နကြောင်း သတင်းများ ရရှိသည်ဟု
ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
အဆိုပါ လက်ရွေးစင်အဖွဲ့တွင်
ဗိုလ်ကြီးအဆင့်(၇)ဦးခန့် ဦးစီးသော အဖွဲ့ (၇) ဖွဲ့ခန့်ရှိပြီး တပ်သားဦးရေ
(၁၀) ဦးစီ ခန့်ရှိနိုင်ကြောင်း ၄င်းမှ ထပ်မံပြောကြားသွားသည်။
သတင်းရရှိရေးနှင့် လုံခြုံရေး ကိစ္စ များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ
ပြည်ထဲရေး ၀န်ကြီး ဌာနနှင့် ပြည်သူလူထုများကိုယ်တိုင် ပူးပေါင်းဆောင်
ရွက်နိုင် ရန် အရေးကြီးကြောင်း အဆိုပါအဖွဲ့များ၏ သွားလာမှု လမ်းကြောင်း
များနှင့် ထိုးဖောက် ၀င်ရောက်မ ည့် မြို့များကို အတိအကျ
မသိနိုင်သေးကြောင်းနှင့် ကချင်ပြည်နယ်မြို့များသာမကဘဲ အခြားမြို့တော်ကြီး
များသို့ ၀င်ေ ရာက်နိုင်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။
ထိုသို့ အစိုးရစစ်သားအသွင်၊
ဝန်ထမ်းအသွင်ယူပြီး ထိုးဖောက်တိုက်ခိုက်မှုပြုလုပ်ရခြင်းမှာ အရင် အစိုးရ
တပ်သား များ၊ ရဲဝန်ထမ်းများကို ဖမ်းဆီးခဲ့စဉ်က ရရှိခဲ့သော
ယူနီဖောင်းများကြောင့် ပြုလုပ်နိုင်ခြင်းဖြစ် သည်ဟု ယူဆ ရကြောင်း၎င်းက
ထပ်မံဖြည့် စွက်ပြောကြားသွားသည်။
စာဖတ်သူ ပြည်သူလူထုအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိနိုင်ရန် PDK မှ ရေးသားဖော်ပြ လိုက်ပါသည်။
( People Development Knowledge)
No comments:
Post a Comment