စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဝေလု အပါအ၀င် ဖမ်းဆီး ထိန်းသိမ်းထားတဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနဲ့ မအေးနက်တို့ကို အာမခံတွေနဲ့ ဒီကနေ့ ညနေ ၅ နာရီမှာ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်ဆိုင်းရန်နှင့်
ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် ကျေးရွာလူထု တောင်းဆို ဆန္ဒပြနေကြစဉ်။
