ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူ အကြမ်းဖက်မှုကြောင့် ယခုတိုင် ကျောင်းမတက်ရောက်နိုင်သေးသည့် အထက်တန်း အလယ်တန်း ကျောင်းသား ကျောင်းသူ များ လုံခြုံစိတ်ချစွာ ပညာ သင်ကြားနိုင်ရေး အတွက် ရခိုင်အမျိုးသား ကွန်ယက်မှ ဦးဆောင် ဖွဲ့စည်းခဲ့သည့် ပညာရေး ကော်မီတီ ကျပ် ၇၉ သိန်းဖြင့် မတည် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
အဆိုပါ ကော်မီတီကို လွန်ခဲ့သည့် ကြာသပတေးနေ့က မောင်တောမြို့ မြို့မဘုန်းတော်ကြီး ကျောင်း တွင် အစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
