မြန်မာ့ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလာဒေခ်ျ့တွင် အစိုးရမှ YouTube ကို ယမန်နေ့ ညနေမှ စတင် ပိတ်လိုက်ပြီ ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် အတိုက်အခံ ခေါင်းဆောင် ခါလစ်ဒါ ဇီယာတို့မှ မူဟာမက် တမန်တော်ကို လှောင်ပြောင်သည့် ဗွီဒီယို အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ပြောဆိုမူ ထွက်ပေါ်လာပြီးနောက် YouTube ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
Nara Bangladesh Telecommunication Regulatory Commission (BTRC) မှ YouTube အား အငြင်းပွားဖွယ်ရာ အစ္စလာမ်
ဆန့်ကျင်ရေး ဗွီဒီယိုအား ဖယ်ရှားးပေးရန် တောင်းဆိုခဲ့ရာ မလိုက်နာသဖြင့် ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ဘက်မှ ပိတ်ပင် တားမြစ် လိုက်ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာာပိုင်များက ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်လည်း အဆိုပါ မူဟာမတ် တမန်တော်ကို လှောင်ပြောင်သည့် ဗွီဒီယို အပေါ် ဆန့်ကျင် ကန့်ကွက်မူများ ပေါ်ပေါက်လာခဲ့ရာ လွန်ခဲ့သည့် သောကြာနေ့က ဒက္ကာား အမေ ရိကန်သံရုံးရှေ့တွင်လည်း ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။
ကမ္ဘာ့အစ္စလာမ် နိုင်ငံအသီးသီးတွင်လည်း ဆန္ဒပြသမှုများ ဆက်တိုက် ပေါ်ပေါက်နေပြီး လစ်ဗျား နိုင်ငံတွင် အမေရိကန် သံအမတ်ကြီး တစ်ဦးအပါအ၀င် လူ ၄ ဦး သေဆုံးခဲ့သည်။
မွတ်ဆလင် အများအပြား နေထိုင်ရာ မြန်မာနိုင်ငံ ဘက်ခြမ်း ရခိုင်ပြည်နယ် မောင်တော ဒေသတွင်မူ အဆိုပါ ဗွီဒီယိုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ဆန့်ကျင် ကန့်ကွက်မူများ ပေါ်ပေါက်ခြင်ူ မရှိသေးကြောင်း သိရသည်။
narinjara

No comments:
Post a Comment