ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
9 October 2012
7 October 2012
ရိုဟင်ဂျာအရေး ဆောင်ရွက်မပေးနိုင်ကြောင်း ဦးသိန်းညွှန့် ပြော
လူနည်းစုရခိုင်ဗုဒ္ဓဘာသာ အဆောက်အအုံများအား အကြမ်းဖက်ခြင်းအား ပြင်းထန်စွာချုပ်ချခြင်း
ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူမျိုးများနှင့် ငြိမ်းချမ်းရေးကို လိုလားသော ကမ္ဘာသူ ကမ္ဘာသားများအနေဖြင့် လုံးဝလက်ခံနိုင်စရာ အကြောင်းကိစ္စမဟုတ်ပါ။ ယခုဖြစ်ပျက်ခဲ့မူများသည် ဘာသာရေးအစွန်းရောက်သူ လူတစ်စုကြောင့် ဖြစ်ပျက် ခဲ့သည်ဟု ဖြေရှင်းချက်ပေးသော်လည်း တာဝန်အရှိဆုံးလူများမှာ ထိုနိုင်ငံတွင် အုပ်ချုပ်သောအစိုးရအဖွဲ့တွင် အဓိကတာဝန်ရှိသည်ဟု ယူဆပါသည်။ ယခုဖြစ်ပျက်ခဲ့သော အကြောင်းအရာများနှင့်ပတ်သတ၍ ကမ္ဘာ့လူအခွင့်အရေးအဖွဲ့ အစည်းတော်တော်များများ နူတ်ဆိတ်နေကြသည်ကို တွေ့ရသဖြင့်လဲ အလွန်ဝမ်းနည်းမိပါသည်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပျက်ခဲ့မူများအား အာပေါင်အာရင်း သန်စွာဖြင့် အော်ဟစ်ခဲ့ကြသော HRW အဖွဲ့အစည်းများ ယခုအရေးတွင် တိတ်ဆိတ် နေကြသည်ကို တွေ့ရှိရ၍လဲ အလွန် အံ့သြသင့်မိပါသည်။ ရခိုင်ပြည်နယ်တွင်းဖြစ်ပျက်ခဲ့မူများတွင် လူနည်းစု၊လူနည်းစုဟု တစာစာ အော်နေခဲ့ကြသော HRW အဖွဲ့များသည် ယခု ဘင်္ဂလားဒေရှ့် နိုင်ငံတွင်ဖြစ်ပျက်ခဲ့သော လူနည်းစုဗုဒ္ဓဘာသာဝင်များ၏ အရေးအတွက် တခွန်းတပါဒမှ ပြောဆိုခြင်းမရှိသည်မှာ အလွန် ၀မ်းနည်းစရာကောင်းလှပါသည်။ ဗုဒ္ဓဘာသာ လူနည်းစုများမှ ထောက်ပံ့ငွေမရရှိသောကြောင့် ထမအော်ကြခြင်းလားဟု သံသယ ၀င်မိပါသည်။ ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းများနှင့် ယခုအရေးတွင် တလုံးတပါဒမှ မပြောဘဲ တိတ်ဆိတ် နေကြသော မိမိတို့ကိုယ်မိမိတို့ လူ့အခွင့်အရေးဖခင်ကြီးများဟု ထင်မှတ်နေကြသော HRW အဖွဲ့များအား ပြင်းပြင်းထန်ထန် ချုပ်ချ ပါကြောင်းနှင့် ပျက်စီးသွားသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနှင့် ပုထိုးတော်များအား အမြန်ဆုံးပြန်လည်ပြုပြင်ပေးပါရန်နှင့် လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ အသက်အိုးအိမ် များအား လုံခြုံစိတ်ချစွာနေထိုင်နိုင်ရန် တာဝန်ယူမူပေးပါရန် သက်ဆိုင်သော နိုင်ငံနှင့်အဖွဲ့အစည်းများအား တောင်းဆိုလိုက်ပါရသည်။
ကမ္ဘာသူကမ္ဘာသားများ ဘာသာရေးအစွန်းရောက်သူများ၏ ရန်မှကင်းဝေးကတ်ပါစီ-----
အားလုံးကို လေးစားစွာဖြင့်
ဦးအောင်မြကျော်
ပြည်နယ်လွတ်တော်ကိုယ်စားလှယ်
ရခိုင်ပြည်နယ်လွှတ်တော်
စစ်တွေမြို့၊ ရခိုင်ပြည်နယ်။
ဖုန်း ၀၉၅၆၈၀၄၇၉
arakanTime
Subscribe to:
Posts (Atom)

