လယ်ယာနဲ့
စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အစိုးရပိုင်
စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်း
ဆောင်ရွက်သွားတော့မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းနဲ့ စိုက်ပျိုးရေးဘဏ်တို့ ပူးပေါင်းပြီး စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် အသွင်ကူးပြောင်းဖို့ သမ္မတက ခွင့်ပြုချက် ပေးထားပြီးဖြစ်တဲ့အကြောင်း အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ စက်မှုလယ်ယာပြပွဲမှာ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အစိုးရပိုင် စိုက်ပျိုးရေးဘဏ်အနေနဲ့ လယ်သမားတွေကို ထောက်ပံ့ပေးရာမှာ အကန့်အသတ်တွေ ရှိတဲ့အတွက် အခုလို အများပိုင်ဘဏ်အဖြစ် ပြောင်းဖို့ ဆောင်ရွက်တာလို့ အဲ့ဒီပွဲကို