မြန်မာပြည် ပြနာက အရင်းနှီးမရှိတဲ့ ပြဿနာလား။
ဟုတ်သယောင်ယောင်နဲ့ မဟုတ်ပါဘူး။ တကယ်တမ်း မြန်မာ့စီးပွားရေးရဲ့
အခြေခံကျတဲ့ ပြဿနာက အရင်းနှီးတွေကို သူ့နေရာနဲ့သူ အဆင်ပြေပြေ၊ အကျိုးရှိရှိ
အသုံးမချနိုင်တဲ့ ပြဿနာ ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရန်ကုန်နဲ့ မန္တလေးမှာ အိမ်ခြံမြေဈေးတွေ အဆမတန် ထိုးတက်သွားတာကို ကြည့်လိုက်ရင် မြန်မာပြည်က အထက်တန်းလွှာတွေရဲ့ လက်ထဲမှာ ငွေပင်ငွေရင်း တော်တော်များများ ရှိနေတယ်ဆိုတာရဲ့ သက်သေပါပဲ။ မြို့လယ်မှာ တဧကလောက် ကျယ်တဲ့ မြေတကွက်ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ သန်းလောက်တော့ အောက်ထစ်ဈေး ပေါက်ပါတယ်။ ပြောရရင် ဘန်ကောက်က မြေဈေးထက်တောင် ပိုမြင့်နေပါတယ်။