ပြုပြင်ပြောင်းလဲရေးတွေ ဆက်ပြီးတော့ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံကို
အမေရိကန်အစိုးရက စစ်ဖက်ဆက်ဆံရေးပါ တိုးမြှင့်ဖို့ အတွက် စဉ်းစားနေတယ်လို့
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝီလျံဘန်းစ် William Burnsက
အောက်တိုဘာလ ၁၅ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်တဲ့
သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က
တင်ပြပေးထားပါတယ်။
ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
16 October 2012
အက္ခရာ နံပါတ်မရွေး မာဇဒါ အုပ်စုဝင် ကားအားလုံး အပ်နှံနိုင်ပြီ
ယာဉ်အိုယာဉ်ဟောင်း
ဖျက်သိမ်းရေး စီမံချက်အရ အက္ခရာနံပါတ်မရွေး မာဇဒါ အုပ်စုဝင် ကားအားလုံး
အပ်နှံနိုင်ပြီး ကားတင်သွင်းခွင့်ပါမစ် တစောင်စီ ရရှိမှာ ဖြစ်ကြောင်း
မီးရထားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိ အပ်နှံနိုင်တဲ့ မာဇဒါ အုပ်စုဝင်ကားတွေဟာ ဌာနဆိုင်ရာ အသီးသီးကနေ လေလံပစ်ပြီး အများပြည်သူတွေကို ရောင်းချထားတဲ့ ကားတွေ ဖြစ်ပါတယ်။
လက်ရှိ အပ်နှံနိုင်တဲ့ မာဇဒါ အုပ်စုဝင်ကားတွေဟာ ဌာနဆိုင်ရာ အသီးသီးကနေ လေလံပစ်ပြီး အများပြည်သူတွေကို ရောင်းချထားတဲ့ ကားတွေ ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့ နှစ် ၅၀ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တောင်းပန်ဖို့ တောင်းဆို
အင်ဒိုနီးရှားနိုင်ငံမှာ
ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ၁၉၆၅ ခုနှစ်တုန်းက မအောင်မြင်တဲ့
အာဏာသိမ်းမှုရဲ့ နှစ်ပတ်လည်နေ့ ကျရောက်ပါတယ်။ အာဏာသိမ်းတာကို အဲဒီတုန်းက
အင်ဒိုနီးရှားက အကြီးဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ အင်ဒိုနီးရှား
ကွန်မြူနစ်ပါတီ (ပီကေအိုင်)ကို အပြစ်တင်ခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ်နဲ့
အင်ဒိုနီးရှားရဲ့ မျက်မှောက်သမိုင်းမှာ အဆိုးရွားဆုံးရက်စက်မှုတခု
ပေါ်ပေါက်ခဲ့ပါတယ်။ ကွန်မြူနစ်လို့ သံသယရှိသူတွေ အနည်းဆုံး လူ ၅ သိန်းကနေ ၂
သန်းလောက်အထိ အသတ်ခံရ၊ ခုံရုံးမတင်ဘဲ ဖမ်းဆီးထောင်ချခံလိုက်ရပါတယ်။
အခုဆိုရင် အဲဒီအဖြစ်အပျက်က နှစ်ပေါင်း ၅၀ ကြာခဲ့ပေမယ့် ဒီအကြောင်းကို ဘယ်သူမှ မပြောကြတော့ပါဘူး။ အခုတော့ အင်ဒိုနီးရှားရဲ့ ထိပ်တန်း လူ့အခွင့်အရေးကော်မရှင်က အဲဒီတုန်းက ဖြစ်ခဲ့တဲ့ လူသတ်မှု၊ အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ ဖမ်းဆီးထိန်းသိမ်းမှုတွေကို လူ့အခွင့်အရေးချိုးဖောက်မှုကြီးတရပ် ဖြစ်တယ်လို့ ကြေညာလိုက်ပါပြီ။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ အစိုးရက တရားဝင် တောင်းပန်သင့်သလို၊ ခံခဲ့ရတဲ့ သူတွေနဲ့ မိသားစုတွေကို နစ်နာကြေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။
DVB

ကော့သောင်း ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းရေး ဆန္ဒပြ
တနင်္သာရီတိုင်း
ကော့သောင်းမြို့မြောက်ဘက် အေးရိပ်ငြိမ်နဲ့ ရွှေပြည်သာရပ်ကွက် အကြားမှာ
စတင်လည်ပတ်နေတဲ့ ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းပေးဖို့အတွက်
မြို့ခံတချို့ဟာ ကျောက်မီးသွေး စက်ရုံအလိုမရှိ၊ အစားထိုးလောင်စာတည်ဆောက်ပေး
စတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး ဒီနေ့မနက် ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို ကော့သောင်းမြို့နယ် ဒီမိုကရက်တစ်ပါတီ(မြန်မာ)နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က ဦးဆောင်ခဲ့တာဖြစ်ပြီး ဒေသခံလူထုအပါအ၀င် လူပေါင်း ၁၀၀ လောက် ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ဒီဆန္ဒပြပွဲကို ကော့သောင်းမြို့နယ် ဒီမိုကရက်တစ်ပါတီ(မြန်မာ)နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က ဦးဆောင်ခဲ့တာဖြစ်ပြီး ဒေသခံလူထုအပါအ၀င် လူပေါင်း ၁၀၀ လောက် ချီတက်ဆန္ဒပြခဲ့ကြတာပါ။
Subscribe to:
Posts (Atom)