မူဆလင်အဖွဲ့တွေဘက်က သဘောထားကို သိရအောင်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ
ဌာနချုပ်က ဦးဝဏ္ဏရွှေကို ဗွီအိုအေမြန်မာပိုင်းက မခင်ဖြူထွေးက
ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်မယ့်ကိစ္စကို ကန့်ကွက်ဆန္ဒပြမှုတွေကလည်းရှိနေတယ်။ အခုဆိုရင် အစိုးရကလည်း တရားဝင် ထုတ်ပြောလိုက်ပြီပေါ့နော်။ ရုံးခန်းဖွင့်ဖို့ကိစ္စကို ဖွင့်ခွင့်မပြုဘူးဆိုတာ ပြောလိုက်ပါတယ်။ အဲ့ဒီ့တော့ ဦးဝဏ္ဏရွှေတို့လို မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မူဆလင် အသင်းအဖွဲ့တွေအနေနဲ့ အခု OIC ရုံးခန်းလာဖွင့်ဖို့ စီစဉ်တဲ့အပေါ်မှာဦးဝဏ္ဏရွှေတို့ရဲ့ နားလည်မှုက