ပြည်တွင်းရှိ အလုပ်သမားဈေးကွက်တွင်
အရည်အချင်းပြည့်မီသော လုပ်သားရှားပါးမှု ပြဿနာက မကြာမီဝင်ရောက်လာတော့မည့်
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံလိုသူများအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်
ဖြစ်နေကြောင်း လုပ်ငန်းရှင်များနှင့် ပညာရှင်များကပြောသည်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကြောင့် ပြည်တွင်းသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အိုင်စီတီလုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများနှင့် ခရီးသွားလာရေးလုပ်ငန်း စသည့်
လုပ်ငန်းနယ်ပယ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လုပ်ကိုင်မည့်သတင်းများ ထွက်ပေါ်နေသည်။