ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 November 2012

အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူကို ပြည့်တန်ဆာ အဖြစ်ပြုလုပ်ရန်ခိုင်းစေသည့် အဖွားနှင့် အပေါင်းအပါ နှစ်ဦးကို မိခင်ဖြစ်သူက ရဲစခန်းသို့တိုင်ကြား





အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူကို အဖွားနှင့် အပေါင်းအပါနှစ်ဦးတို့မှ ငွေကြေးရယူကာ ပြည့်တန်ဆာအဖြစ် ပြုလုပ်စေခိုင်းမှုကြောင့် မိခင်ဖြစ်သူမှ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
အဖွားဖြစ်သူက သုနန္ဒာလမ်း သွယ် ဇ/ ရပ်ကွက်မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော အလှပြင်ဆိုင်မှ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် ၂၇၅,၀၀၀ ကို ရယူခဲ့ကြောင်း သိရှိရသည်။

လသာမြို့နယ်ရှိ ၀ါဝါ၀င်း ကုမ္ပဏီရုံးရှေ့တွင် လယ်မြေအသိမ်းခံရသူများက ဆန္ဒထုတ်ဖော်



လှိုင်သာယာမြို့နယ်၊အတွင်း ပဒန်ကျေးရွာမှ လယ်မြေအသိမ်းခံရသူ လယ်သမား ၅၀ ဦးခန့်က ၎င်းတို့၏ နစ်နာမှုများအား မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန (သို့မဟုတ်) ၀ါဝါ၀င်းကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းပေးရေး ဆန္ဒထုတ်ဖော် မှုကို ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်း ကုမ္ပဏီရုံးရှေ့တွင်ပြုလုပ်ခဲ့ပါသည်။
ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၃၁ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ်မှ ၁၂နာရီ ၃၀မိနစ်အထိ လသာမြို့နယ် ရဲတပ်ဖွဲ့စခန်း၏ခွင့်ပြုမိန့်နှင့် တရားဝင်ပြုလုပ်ခြင်းဖြစ်ကြောင်း သို့ရာတွင် ၎င်းတို့အား သက်ဆိုင်ရာ အိုးအိမ်ဦးစီးဌာနနှင့် ၀ါဝါ၀င်းကုမ္ပဏီတို့ဘက်မှ လာရောက်ဖြေရှင်းပေးခြင်းမရှိသောကြောင့် ခွင့်ပြုချိန် ကုန်ဆုံးသော်လည်း နိုဝင်ဘာလ ၁ရက်နေ့ နံနက်၁နာရီအချိန်ခန့်အထိ ဆက်လက်ဆန္ဒထုတ်ဖော်မှုပြုလုပ်လျက်ရှိပြီး သက်ဆိုင်ရာနှင့်ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းမှုမပေးမချင်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုပြုလုပ်နေသူများထံမှ သိရသည်။ အဆိုပါဆန္ဒထုတ်ဖော်သူများမှ ခွင့်ပြုချိန်ထက်ပိုမို၍ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိသောကြောင့်သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှလူစုခွဲမှုများပြုလုပ်ရန် သတိပေးမှုများပြုလုပ်ထားကြောင်းသိရသည်။

Eleven Media
 
 

မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားခုနစ်မျိုးကို သက်တမ်းသုံးနှစ်မှ ငါးနှစ်အထိတိုးမြှင့်





မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားခုနစ်မျိုးကို ယခင်သက်တမ်းသုံးနှစ်သာပေးရာမှ ယခုအခါတွင် ငါးနှစ်အထိတိုးမြှင့်ပြီး နိုဝင်ဘာလ ၁ ရက်နေ့လျှောက်ထားသူများမှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးရုံး(ရန်ကုန်)မှ ဌာနခွဲမှူး ရဲမှူး စိုးထွန်းအောင်ထံမှ သိရှိရသည်။ ''ကျွန်တော်တို့ကတော့ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးပါတယ်။ အဲဒီမှာ သင်္ဘောသား၊ အလုပ်၊စီးပွားရေး၊ ကျောင်းသား၊ ဘာသာရေး၊ အလည်နဲ့ မှီခိုဆိုပြီး အမျိုးအစားခုနစ်မျိုး ထုတ်ပေးပါတယ်။ အဲဒီခုနစ်မျိုးစလုံးကို အရင်သုံးနှစ်သ

ဘာသာပေါင်းစုံ ပါဝင်မည့် ရခိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တော်ဝင် နှင်းဆီတွင် ပြုလုပ်မည်


ဘာသာပေါင်းစုံ ပါဝင်သော ရခိုင်ငြိမ်းချမ်းရေး အတွက် ဆွေးနွေးပွဲ တစ်ခုကို ယနေ့ နေ့လည် ၁ နာရီတွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်မည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓား၊ လှံ၊ လက်နက်များကို အပ်နှံရန် ကြေညာ


ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓါး၊ လှံ၊ လက်နက်များကို နီးစပ်ရာ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များသို့ အပ်နှံရန် ယနေ့တွင် သက်ဆိုင်ရာက ကြေညာသည်။
အဆိုပါ ကြေညာချက်များကို ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။
စာပါ

facebook မှကြည့် ချင်ရင် like လုပ်ပါ