ရခိုင်ပြည်နယ်
သံတွဲမြို့ပေါ်က ဗလီဆရာ ၁ ဦးနဲ့ ဗလီဂေါပကဥက္ကဋ္ဌ ၁ ဦးအပါအ၀င် လူ ၄ ဦးကို
သံတွဲမြို့နယ်တရားရုံးက လက်နက်သိုလှောင်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗလီတွေကို သက်ဆိုင်ရာအဖွဲ့စုံက ရှောင်တခင် ၀င်ရောက်စစ်ဆေးရာမှာ မြို့ပေါ်က ဂျာမေဗလီမှာ လက်နက်တချို့တွေ့ရှိရာက ဗလီဆရာ၊ ဗလီဂေါပကဥက္ကဋ္ဌနဲ့ လူငယ် ၂ ဦးကို ဖမ်းဆီးပြီး