ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့
တည်ငြိမ်ရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်နဲ့ အဖွဲ့ဝင် ၇ ဦး ဒီနေ့
မန္တလေးတိုင်းတရားရုံး၊ ခရိုင်တရားရုံးနဲ့ ချမ်းအေးသာဇံမြို့နယ်
တရာရုံးတွေကို ရှောင်တခင် သွားရောက်ခဲ့တယ်လို့ အဖွဲ့ဝင်
ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ဥပဒေ ပုဒ်မ ၁ ခုအတွက် ရန်ကုန်မှာ စာနယ်ဇင်းသမား ဦးမြတ်ခိုင် တရားစွဲဆိုတဲ့အမှုမှာ အာမခံရပြီး မန္တလေးက ကိုအေးသိန်း အာမခံမရတဲ့အတွက်လည်း တရားဥပဒေအရ ညီမျှစွာ မခံစားရတာကို ဒေါက်တာဇော်မြင့်မောင်က အခုလို ပြောပါတယ်။