ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
2 November 2012
အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့ ရမ်းဗြဲရောက်စဉ်မှာ ရခိုင်လူမျိုး တစ်ဦး သတ်ဖြတ်ခံရ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း အတည်ပြုလိုက်သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချက်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဥပဒေကြမ်းကို မနေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနဲ့ပတ်သက်ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို
တွေ့ဆုံမေးမြန်းထားပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ဖြစ်သွားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေက အန်တီတို့မျှော်လင့်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပုံစံ၊ ကျနော်တို့ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွား တကယ်တိုးတက်ဖြစ်ထွန်းလာစေမယ့် ဟာမျိုးလို့ မှတ်ချက်ပြုလို့ရမလား။
“ဒီ

ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များ အာဟာရချို့တဲ့ပြီး ရောဂါဖြစ်ပွားမှု များလာ
ရခိုင်ပြည်အတွင်း
ပဋိပက္ခကြောင့် ထွက်ပြေးခိုလှုံနေကြတဲ့ အိုးအိမ်မဲ့ဒုက္ခသည်တွေ
အာဟာရချို့တဲ့ပြီး ရောဂါဖြစ်ပွားမှုနှုန်း တိုးလာနေတယ်လို့ ဒုက္ခသည်တွေကို
ကူညီပေးနေတဲ့ ဝံလက်ဖောင်ဒေးရှင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူနဲ့ ရမ်းဗြဲ အစရှိတဲ့ မြို့နယ်တွေက ဒေသခံတွေဟာ နေအိမ်တွေ မီးလောင်တဲ့အတွက် အိုးအိမ်မဲ့ဖြစ်ပြီး နီးစပ်ရာ ဘုန်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။

သိမ်းဆည်းခံမြေ ပြန်လည်ရရှိရေး ချောင်းသာတွင် ဒေသခံများ ဆန္ဒပြ
ဧရာဝတီတိုင်း ချောင်းသာမြို့မှာ ဒေသခံ ၃၀၀ လောက်က သိမ်းဆည်းခံထားရတဲ့ သူတို့မြေတွေ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုကြပါတယ်။
အရင် ခရိုင်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီခေတ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းက ချောင်းသာမြို့ခံတွေရဲ့ ကမ်းခြေမြေယာ ၆၁၅ ဧကကို မြို့သစ်တည်မယ် ဆိုပြီး လျော်ကြေး မပေးဘဲ သိမ်းဆည်းခဲ့ပါတယ်။
ဒါပေမယ့် အခုထက်ထိတိုင်

တရားဥပဒေစိုးမိုးရေးကော်မတီ မန္တလေးတိုင်း တရားရုံးများကို လေ့လာ
ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့
တည်ငြိမ်ရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်နဲ့ အဖွဲ့ဝင် ၇ ဦး ဒီနေ့
မန္တလေးတိုင်းတရားရုံး၊ ခရိုင်တရားရုံးနဲ့ ချမ်းအေးသာဇံမြို့နယ်
တရာရုံးတွေကို ရှောင်တခင် သွားရောက်ခဲ့တယ်လို့ အဖွဲ့ဝင်
ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ဥပဒေ ပုဒ်မ ၁ ခုအတွက် ရန်ကုန်မှာ စာနယ်ဇင်းသမား ဦးမြတ်ခိုင် တရားစွဲဆိုတဲ့အမှုမှာ အာမခံရပြီး မန္တလေးက ကိုအေးသိန်း အာမခံမရတဲ့အတွက်လည်း တရားဥပဒေအရ ညီမျှစွာ မခံစားရတာကို ဒေါက်တာဇော်မြင့်မောင်က အခုလို ပြောပါတယ်။

Subscribe to:
Posts (Atom)