ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
5 November 2012
မြန်မာ့လူ့အခွင့်အရေးအခြေအနေ သြစတြေးလျဝန်ကြီးချုပ် စိုးရိမ်
သြစတြေးလျဝန်ကြီးချုပ်
Julia Gillard နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တနင်္လာနေ့က လာအိုနိုင်ငံ၊
ဗီယန်ကျန်းမြို့ မှာ တွေ့ဆုံခဲ့ပါတယ်။ ( သတင်းဓာတ်ပုံ၊ သမ္မတရုံးဝဘ်ဆိုက်ဒ်)
မွန်ပြည်သစ် ဖွဲ့စည်းပုံတွင် ကလေးစစ်သားဆိုင်ရာ နည်းဥပဒေများ ရေးဆွဲမည်
ကလေး စစ်သား အသုံးမပြုရေးနှင့် ပတ်သက်သည့် အကျယ်တဝင့် နည်းဥပဒေများအား ပါတီဖွဲ့စည်းပုံ၌ ရေးဆွဲ ပြဋ္ဌာန်းသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း မွန်ပြည်သစ် ပါတီ MNSP မှ ထုတ်ဖော်
ပြောကြားလိုက်သည်။
မြေမြှုပ်မိုင်းနှင့် ကလေးစစ်သား အသုံးမပြုရေး အကူအညီပေးနေသည့် Geneva Call မှ အဆင့်မြင့် အရာရှိ Mr. Chris Rush နှင့် မွန်ပြည်သစ်ပါတီတို့ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ဆုံအပြီးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
သုဝဏ္ဏဘူမိ မွန်မြို့ဟု မွန်သမိုင်းပညာရှင်များ ဆို
ပြန်လည် တူးဖော်တော့မည် ဖြစ်ပြီး ၎င်းမှ ရရှိသည့် သုတေသန ပြုချက်ဖြင့်သာ သုဝဏ္ဏဘူမိသည် မည်သည့် မြို့ပြနိုင်ငံ ဖြစ်သည်ကို ဆုံးဖြတ်သင့်ကြောင်း သမိုင်း သုတေသီများက ပြောဆိုလိုက်သည်။
နိုဝင်ဘာလကုန်ပိုင်းတွင် ရန်ကုန်၌ ကျင်းပမည့် ‘ပျူလူမျိုးနှင့် ပျူနိုင်ငံတော်’ သုတေသန စာတမ်းဖတ်ပွဲနှင့် ပတ်သက် ပြီး သုဝဏ္ဏဘူမိသည် ပျူမြို့ပြနိုင်ငံ ဖြစ်ကြောင်း ကြိုတင်ရေးသားချက်များနှင့် ပတ်သက်၍ ပြန်လည်တုံ့ပြန် ပြောဆို
ခြင်းများလည်း ဖြစ်သည်။
“ဟုတ်တိပတ်တိ သထုံမှာ သုတေသနလုပ်တာ မရှိခဲ့ဘူး။ အခု အစပျိုးပြီးတော့ လုပ်တော့မယ် ဆိုတော့ ကျနော်တို့ ဝမ်းသာပါတယ်။ အသစ်အသစ် တွေ့ရှိမှုတွေ တွေ့လာရင် ရလာတဲ့ သုတေသန တွေ့ရှိချက်နဲ့ သုဝဏ္ဏဘူမိဟာ မွန်လား၊ ပျူလား ဆိုတာ ပညာရှင်တွေ ဆုံးဖြတ်ပေါ့ဗျာ” ဟု သမိုင်းသုတေသနဌာနမှ အငြိမ်းစား လက်ထောက်
ညွှန်ကြားရေးမှူး ဦးစံဝင်း က မဇ္ဈိမကို ပြောသည်။
မော်လမြိုင်မြို့
ပြည်နယ်ခန်းမ၌ ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည့်
‘ရွှေအဆင်းဝင်းသော သုဝဏ္ဏဘူမိ’ စာတမ်းဖတ်ပွဲ (Photo: Citizen Journalist)
ချင်းပြည်နယ်သည် ၀န်ထမ်းများကို အပြစ်ပေး နယ်နှင်ဒဏ် ပေးသည့်နေရာဖြစ်နေဟုဆို
ချင်းပြည်နယ်ဟာ
ပညာရေးနဲ့ အခြားဝန်ထမ်းတွေ မလာချင်တဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး
နေထိုင်မှု ဘ၀ ခက်ခဲတဲ့အပြင် အစိုးရကနေ ၀န်ထမ်းတွေကို အပြစ်ပေး
နယ်နှင်ဒဏ်ပေးတဲ့ နေရာတခုဖြစ်နေကြောင်း ချင်းပြည်နယ်မှ
အမျိုးသားလွှတ်တော်အမတ် ဦးစတီဗင်သာဘိတ်က ဒီနေ့ကျင်းပခဲ့တဲ့
အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုပါတယ်။
Subscribe to:
Comments (Atom)