ထိုင်းနိုင်ငံ
စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ပုစွန်စက်ရုံတခုမှာ နားရက်မရှိ၊ မနက် ၎
နာရီကနေ ည ၁၀ နာရီကျော်ထိ လုပ်အားခ ခေါင်းပုံဖြတ်ပြီး
လှောင်ပိတ်ခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမား ၂၂ ဦးကို ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားအဖွဲ့က ဒီနေ့မနက် သွားရောက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ဝင် ဆရာတော် ဦးဇောတိကက
“စက်ရုံမှာ သိုလှောင်ပိတ်ပြီး ဘယ်မှလည်း မသွားရဘူး၊ တနင်္ဂနွေတောင်
ဘယ်မှမသွားရဘူးတဲ့။ အလုပ်လည်းနားခွင့်မရှိ။ အစောကြီးဆင်းရတယ်။ မနက် ၃
နာရီခွဲကထ ည ၈ နာရီထိခိုင်းတယ်တဲ့။ ပုံမှန်လစာ ဘယ်လောက်ရတယ်ဆိုတာလဲ
မပြောဘူး။ သူ့စေတနာနဲ့ပေးတာ ယူခဲ့ရတာ ၂ လရှိပြီတဲ့။
ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
7 November 2012
ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၂ ဦးကို တာဝန်က ရပ်နား
နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် ဖွဲ့စည်းတာဝန်ပေးတဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်
က ကော်မရှင်အဖွဲ့ဝင် ၂ ဦးကို အဖွဲ့ဝင်အဖြစ်ကနေ ရပ်နားကြောင်း
အသိပေးအကြောင်းကြားတယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
ကော်မရှင် ၂၇ ဦးရှိတဲ့အနက် မွတ်ဆလင် ၂ ဦးဖြစ်တဲ့ ဦးညွန့်မောင်ရှိန်နဲ့
ဦးတင်မောင်သန်းတို့ကို တာဝန်ကနေ ရပ်စဲလိုက်တဲ့အကြောင်း
ကော်မရှင်ရုံးအဖွဲ့မှူး ဗိုလ်မှူးထန်က ဒီလဆန်း ၁ ရက်နေ့က အကြောင်းကြားတာလို့
ဆိုပါတယ်။ တာဝန်ကရပ်စဲရခြင်းအကြောင်းကိုတော့ ရှင်းမပြဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အကြမ်းဖက်မီးရှို့မှု ဖြစ်ပွားခဲ့စဉ်
6 November 2012
ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ
၃၄၅။အောက်ဖော်ပြပါ အရည်အချင်းတစ်ရပ်ရပ်နှင့် ပြည့်စုံသူများသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည် -
(က)ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါး မှ မွေးဖွားသူ၊
(ခ )ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ။
Subscribe to:
Posts (Atom)