လာမယ့်နှစ်ကစပြီး
အစိုးရပိုင် မီဒီယာတွေထဲက တချို့ကို အများပြည်သူဝန်ဆောင်မှုမီဒီယာတွေအဖြစ်
ပြောင်းလဲတော့မယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က
ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြန်ကြာရေးဝန်ကြီး
ဦးအောင်ကြည်နဲ့ ဒုတိယ၀န်ကြီး
ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
8 November 2012
7 November 2012
နယ်စပ်တွင် မြန်မာဘက်က တပ်အင်အား ဖြည့်တင်း
အမည်မသိ လက်နက်ကိုင်
တပ်ဖွဲ့ တစ်ခုမှ ၀င်ရောက်
ပစ်ခတ်မူကြောင့် မြန်မာဘက်က
တစ်ဦးကျဆုံးပြီး သုံးဦး ဖမ်းဆီးခံ
ရပြီးနောက် နယ်စပ်ဘက်သို့ မြန်မာ စစ်သားများ ချီတက်နေကြသည်နေဟု မျက်မြင် ကျေးရွာသားများက ပြောသည်။
အခင်း ဖြစ်ပွားရာ မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၅၁ နှင့် ၅၂ အနီးတွင် ယခုအခါ မြန်မာ စစ်သား အများအပြား ရောက်ရှိနေပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသော တပ်သား ၃ ဦးကို လိုက်လံ ရှာဖွေနေကြောင်း သိရသည်။
ဖမ်းဆီးခံရသူမှာ GE ဆောက်လုပ်ရေး တပ်ဖွဲ့မှ တပ်ကြပ်ကြီး ခင်မိုးအောင်နှင့် နောက်တပ် တပ်သား နှစ်ဦးတို့ ဖြစ်ကြသည်ဟု ဆိုသည်။
စစ်တပ်နှင့် နီးစပ်သော ဒေသခံများက အဆိုပါ ဖမ်းဆီးခေါ်ယူခံသွားရသော တပ်သား ၃ ဦးကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ရှာဖွေပြီး ပြန်လည် ပို့ဆောင်ရန် တောင်းဆိုထားပြီး မပို့ပေးပါက ဘင်္ဂလာဒေခ်ျ့နယ်မြေထဲကို ၀င်ရောက် ရှာဖွေမည်ဟု မြန်မာ စစ်တပ်က ပြောဆိုသည်ဟု ဆိုသည်။
သို့သော်လည်း ဤသတင်း ဟုတ်မဟုတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။
မနေ့ညနေက အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့မှ ပစ်ခတ်မူကြောင့် သေဆုံးသူသွားသူမှာ ဒေသခံများက လမ်းဗိုလ်ဟု ခေါ်ဆိုသည့် စက်ပြင်ဆရာ ကျော်ကျော်ဝေ ဖြစ်ကြောင်း သိရသည်။
စက်ပြင် ဆရာကျော်ကျော်ဝေနှင့် အဖွဲ့သည် လမ်းလုပ်ပြီး မော်တော်ဆိုင်ကယ် နှစ်စီးနှင့် အပြန်တွင် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီး ကျော်ကျော်ဝေမှာ အဆိုပါနေရာ၌ ပင် ပွဲချင်းပီး သေဆုံးကာ တပ်ကြပ်ကြီး ခင်မိုးးအောင်နှင့် နောက်ထပ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။
ယခုအချိန်ထိ ဖမ်းဆီးခေါ်ဆောင်သွားသူများကို ပြန်လည် ရရှိခြင်း မရှိသေးကြောင်း သိရပါသည်။
( ယခင် ဖေါ်ပြသော သတင်းတွင် မိုင်တိုင်အမှတ် (၁)၊ (၂)နှင့် (၃) အစား နယ်စပ်မှတ်တိုင် ( ၅၁) နှင့် (၅၂) ဟု ပြင်ဆင် ဖတ်ရှု့ပေးပါရန်နှင့် စစ်ဗိုလ် တစ်ဦးအစား စက်ပြင်ဆရာ လမ်းးဗိုလ်ဟု ပြင်ဆင် ဖတ်ရှု့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
နိရဉ္စရာသတင်းဌာန
နိုင်ငံတော်သမ္မတဦးသိန်းစိန် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးတွင် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား
နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကစိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါပြောကြားချက်အပြည့်အစုံမှာအောက်ပါအတိုင်း ဖြစ်သည်-
နိုင်ငံတော်သမ္မတဦးသိန်းစိန် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံဗီယင်ကျန်းမြို့ ၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာရန် အဖွဲ့ဝင်များ လိုက်ပါလျက် နိုဝင်ဘာ(၇)ရက် နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် ဒေါင်ချန်းဧည့်ဂေဟာမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး ဝပ်တေး အပြည်ပြည်ဆိုင်
Subscribe to:
Comments (Atom)