ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရခိုင်အမျိုးသားပိုင် ဟင်းခင်းများအား မသမာသူများမှ ကျူးကျော် ၀င်ရောက်ပြီး ဖျက်ဆီးမူများ ပြုလုပ်နေသည်ကို သက်ဆိုင်ရာ ရဲဌာနသို့ အကြိမ်ကြိမ် တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။
“ ကျွန်မကတော့ အာဏာပိုင်တွေကို မေးချင်ပါတယ်။ တိုင်ကြားတာကို အရေးမယူတာက ဘာကြောင့်လဲ? ပဋိပက္ခတွေ ထပ်ဖြစ်အောင် ဖန်တီနေတာလား? လို့ဘဲ မေးချင်ပါတယ်”
