ထိုင်းနိုင်ငံ
မြောက်ပိုင်း ချင်းရိုင်းခရိုင်အကျဉ်းထောင်ထဲမှာ မြန်မာအကျဉ်းသားတဦးဆီက
ယာဘ (မြင်းဆေး) အလုံးပေါင်း ၂ ထောင် ဖမ်းဆီးရမိတယ်လို့
မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
ချင်းရိုင်းခရိုင် အကျဉ်းထောင် ညွှန်ကြားရေးမှူး နိုင်းကရိတ် ကဆယ်ထစ်က ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ “တရားခံတွေကို ရုံးထုတ်ဖို့အတွက် အကျဉ်းထောင်ကနေ အပြင်ခေါ်ထုတ်လာရာက တရားရုံးကအပြန်မှာ မူးယစ်ဆေးဝါး သယ်ဆောင်လာတာတွေ ရှိနေကြောင်း၊ မူးယစ်ဆေးရောင်းဝယ်မှုနဲ့ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသား အခါလူမျိုး အားဖာ ပီချဲ (အသက် ၂၅)