ပြီးခဲ့သော နိုဝင်္ဘာလ ၁၀ရက်နေ့က ရန်ကုန်တိုင်း တာမွေရဲစခန်းတွင် ရခိုင်လူငယ်၂ဦးအား ဥပဒေမဲ့ ရိုက်နှက် ထိုးကြိတ်ခံ ရခြင်းနှင့် ပတ်သက်ပြီး ယခုအခါတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ကာ စစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရသည်။
၎င်းအဖွဲ့မှ ရခိုင်လူငယ်၂ဦးဖြစ်သူ ကိုအောင်နိုင်နှင့် ကိုနေအောင်ထွန်းတို့အား ယမန်နေ့ (နိုဝင်္ဘာလ ၁၄ ရက်) က ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကိုအောင်နိုင်က ပြောသည်။