မြန်မာနိုင်ငံရဲ့
ပျက်စီးယိုယွင်းနေတဲ့ တရားစီရင်ရေးမဏ္ဍိုင် ခိုင်မတ်လာအောင် အကူအညီပေးဖို့
မြန်မာနိုင်ငံရှေ့နေများကွန်ရက်က အမေရိကန်သမ္မတ အိုးဘားမားထံကို
တောင်းဆိုလိုက်ပါတယ်။
မနေ့တုန်းက သမ္မတအိုဘားမား မြန်မာပြည်မှာရှိတုန်းက တောင်းဆိုစာပေးခွင့် မကြုံခဲ့လို့ ဒီနေ့ ရန်ကုန်မြို့က သံရုံးကို စာပေးပို့ တောင်းဆိုခဲ့တယ်လို့ ရှေ့နေများကွန်ရက်ပြောခွင့်ရသူ ရှေ့နေ ဦးကိုနီက ပြောပါတယ်။
“ယိုယွင်းနေတဲ့ တရားစီရင်ရေးစနစ်နဲ့ ယိုယွင်းနေတဲ့ တရားဥပဒေစိုးမိုးရေး ဒီကိစ္စ ၂ ခုကို