ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်
လိုချင်တာကိုဒီကနေရှာလိုက်ပါ
21 November 2012
ဒုက္ခသည်များ ပြန်ယူရန် ဘင်္ဂလာက မြန်မာ သံအမတ်ကြီးကိုပြော
မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိနေတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို
ပြန်ယူဖို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက မြန်မာ သံအမတ်ကြီးကို မနေ့က ထုတ်ဖေါ်
ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဆိုင်ဒါမူဒါ တာဆနိမ်နဲ့ မနေ့က နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တွေ့ဆုံစဉ် ခုလို ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။

တပ်သား ၃ ဦး ပြန်မရသဖြင့် မြန်မာဘက်က နယ်စပ်ဂိတ်များကို စတင်ပိတ်
ခိုင်သိန်း
ပျောက်ဆုံးနေသော မြန်မာ စစ်သား (၃) ဦးကို ယခု အချိန်ထိ ပြန်မရသဖြင့် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာအကြား ဖြတ်ကျော် သွားလာနေသော နယ်စပ်ဂိတ်များ အားလုံးကို မြန်မာဘကက် စတင် ပိတ်ထားလိုက်ပြီ ဖြစ်သည်။ ယခုပိတ်လိုက်သော နယ်စပ်ဂိတ်များတွင် နတ်မြစ်ကို မော်တော်ဘုတ်များဖြင့် နေ့စဉ် ဖြတ်ကျော် သွားလာနေသော ပတ်စ်ပို့ဂိတ်လည်း ပါဝင်သည်ဟု ဒေသခံ စီးပွားရေး သမား တစ်ဦးက ပြောသည်။

20 November 2012
အမေရိကန်သမ္မတ အိုဘားမားရဲ့ ရန်ကုန်မှာပြောတဲ့ သမိုင်းဝင်မိန့်ခွန်း(ဘာသာပြန်)
၀၂း၃၉ မိနစ် နိုဝင်ဘာ ၁၉ ၂၀၁၂
မြန်မာနိုင်ငံ မင်္ဂလာပါ။”
“ကျနော် ဒီတက္ကသိုလ်ကို ရောက်လာခဲ့ရတဲ့အတွက် အရမ်းကို ၀မ်းမြောက် ဂုဏ်ယူမိသလို ဒီနိုင်ငံကို ပထမဆုံးလာရောက်ခွင့်ရတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ တဦးဖြစ်တဲ့အတွက်လည်း ၀မ်းသာ ဂုဏ်ယူမိပါတယ်။
“ကျနော် ဒီကိုလာရတာက ဒီနိုင်ငံရဲ့ အရေးပါမှုကြောင့်ပါပဲ။ လူကြီးမင်းတို့ဟာ အရှေ့နဲ့ တောင်အာရှဒေသကို ဆက်စပ်ပေးတဲ့ လမ်းဆုံလမ်းခွမှာ နေထိုင်ကြပါတယ်။ နောက်ပြီး

Subscribe to:
Posts (Atom)