မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
ကောက်ခံမယ့် မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲခ စနစ်သစ်ဟာ နိုင်ငံတကာမှာ
ကောက်ခံနေတဲ့ နှုန်းထားတွေနဲ့ အလားတူဖြစ်ပြီး ပိုသက်သာတဲ့
နည်းလမ်းဖြစ်တယ်လို့ သက်ဆိုင်ရာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာလ ၁ ရက်ကစပြီး ကောက်ခံမယ့် Volume Based Charging ခေါ် သုံးစွဲတဲ့ ပမာဏအလိုက် ပေးဆောင်ရမယ့် စနစ်သစ်ဟာ အင်တာနက် သုံးစွဲသူတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တဲ့အကြောင်း၊ မိုဘိုင်းဖုန်းဌာန တာဝန်ခံ အင်ဂျင်နီယာတဦးက ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။