ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

5 December 2012

အမေရိကန်အဆင့်မြင့်အရာရှိများ သံဃာတော်များနှင့် ဆွေးနွေး


အမေရိကန်အဆင့်မြင့် အရာရှိတွေပါဝင်တဲ့ သုံးဦးအဖွဲ့ဟာ ဒီကနေ့ မန္တလေးမြို့က သံဃာတော်တွေနဲ့ မစိုးရိမ်တိုက်သစ်မှာ တွေ့ဆုံပြီး တံခါးပိတ်ဆွေးနွေးရာမှာ ရခိုင်အရေး၊ လက်ပန်းတောင်းတောင် အရေးကိစ္စတွေကို သုံးနာရီကြာ မေးမြန်းတယ်လို့ မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဥတ္တမက မိန့်ပါတယ်။
လာရောက်သူတွေကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှ ညွှန်ကြားရေးမှူး မစ္စတာ Ike Reed နဲ့ ကောင်စစ်ဝန် ဒေါက်ဂလပ်စောနတ်နဲ့ တခြားတဦးတို့ ဖြစ်ပါတယ်။
အမေရိကန်အရာရှိများနဲ့ သံဃာတော်များ ဆွေးနွေးနေစဉ်
ဆွေးနွေးတဲ့ သံဃာတော်တွေကတော့  ဦးဝီရသူ၊ ဂဠုန်နီဆရာတော် ဦးကာဝိရ၊ မြ၀တီဆရာတော် ဦးဝီရိယ၀ံသ ဘိဝံသ၊ ဘ၀အလင်းရောင်ဆရာတော် ဦးဥတ္တမသာရနဲ့ ဦးသောဘိတတို့ဖြစ်ပြီး

ပေါင်းလောင်းဆည်ကြောင့် ပျက်စီးဆုံးရှုံးမှု သိမြင်စေရန် မီဒီယာများကို ဖိတ်ခေါ်


ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲက  ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ရွာပေါင်း ၂၀ ရေလွှမ်းခံရဖွယ်ရှိနေတာကို တာဝန်ရှိသူတွေ ထိထိရောက်ရောက် ထောက်ပံ့ မပေးတဲ့အတွက်   ပြည်တွင်းပြည်ပမီဒီယာတွေအနေနဲ့ လာရောက်ကြည့်ရှုဖို့ ဒေသခံတွေက ဖိတ်ခေါ်လိုက်ပါတယ်။
ပေါင်းလောင်းမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ဆည်ကြီးပြီးသွားရင် ၂၀၁၃ ခုနှစ်ထဲမှာ အဲဒီအနီးနားပတ်ဝန်းကျင်က ရွာပေါင်း ၂၂ ဟာ  ရေ၀ပ် ဧရိယာတွေ ဖြစ်လာနိုင်တဲ့ အတွက်  မေလ နောက်ဆုံးထားပြီး  ရွှေ့ပြောင်းပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
ပေါင်းလောင်းဆည် တည်ဆောက်နေပုံ ( ဓာတ်ပုံ - ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့)

ကချင်နှင့် ရခိုင်ဒုက္ခသည်များအတွက် အမေရိကန်ရောက် မြန်မာများ ကျပ်သိန်း ၃၀၀ ခန့် လှူဒါန်း


အမေရိကန်အခြေပြု ပြည်သူ့ဂုဏ်ရည် ဆုရွေးချယ်ရေး အဖွဲ့က ဖိတ်ကြားတဲ့ ခရီးစဉ်အတွင်း ဆွေးနွေးပွဲတွေမှာ တက်ရောက်သူတွေ ၀ိုင်းဝန်းထည့်ဝင်လှူဒါန်းတဲ့ အလှူ ငွေ ကျပ် ၂၉၁ သိန်းကို အနုပညာရှင်သုံးဦးက ရခိုင်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် လှူဒါန်းလိုက်ပါတယ်။
အနုပညာရှင်တွေ ဖြစ်တဲ့ ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်နဲ့ စာရေးဆရာမ သန်းမြင့်အောင်တို့က အမေရိကန်ပြည်ထောင်စုဟောပြောပွဲ ရက် ၄၀ အတွင်း ရလာတဲ့ ငွေကျပ် ၂၉၁ သိန်းကျော်ကို သူတို့ကိုယ်စား သွားလှူဖို့ ၈၈ ကျောင်းသားများ အဖွဲ့နဲ့ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ၁၄၅ သိန်းကျော် စီ ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပဒေကြမ်း ပြန်လည်ပြင်ဆင်ရန် လိုအပ်


ဆက်သွယ်ရေးဥပဒေကြမ်းမှာ အစိုးရ၀န်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်ကို ပိုမိုပေးထားတယ်လို့ တင်ရှားတဲ့ ဘလောဂ်ဂါနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေဖုန်းလတ်က ဝေဖန်ပြောဆိုပါတယ်။
ဒီဥပဒေကြမ်းကို အများသူငါ အကြံပြုတင်ပြနိုင်အောင် ထုတ်ပြန်ထားတာဖြစ်သလို ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) MICT Park မှာ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

ကျောင်းသားလေးများကို ချစ်မိသောကြောင့် ပြစ်ဒဏ်ကျရသော ဆရာမလေးများ


လူငယ် အချစ်ကားတွေကြောင့်လား၊ လူတွေရဲ့ စိတ်တွေကပဲ ဖောက်ပြန် ကုန်တာလားတော့ မပြော တတ်။ မြန် မာ တို့၏ မြန်မာနိုင်ငံတွင်မူ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ် ဟူ၍ ပြဌန်း ထားသည်။ ကျောင်း သား များကလည်း အနန္တဂိုဏ်းဝင် ဆရာသခင်ကို ရိုသေသည်။ အခြားနိုင်ငံများတွင်တော့ ထိုသို့မဟုတ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ