တရုတ်-မြန်မာနယ်စပ်
မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းမှာ တရားမ၀င် ကုန်သွယ်မှုတွေကို
လိုက်လံစစ်ဆေးနေတဲ့ Mobile Team အဖွဲ့တွေဟာ ဒီဇင်ဘာ ၆ ရက်ကစပြီး နေ့ရာညပါ
စစ်ဆေးဆောင်ရွက်တော့မယ်လို့ အဖွဲ့ခေါင်းဆောင် ဦးအောင်ကျော်မိုးက ပြောပါတယ်။
နိုဝင်ဘာလဆန်းကစပြီး စစ်ဆေးဆောင်ရွက်နေတဲ့ Mobile Team ရဲ့ လုပ်ငန်းတွေကို လုံခြုံရေး အခြေအနေအရ နေ့ဘက်မှာသာ စစ်ဆေးဆောင်ရွက်ခဲ့ရပြီး ညဘက်မှာ တရားမ၀င် ကုန်သွယ်နေသူတွေကို စစ်ဆေးနိုင်ခြင်း မရှိခဲ့တာကြောင့် အခုအခါ ညဘက်မှာပါ စစ်ဆေးဆောင်ရွက်ဖို့ စီစဉ်တာလို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။