လာမယ်၂၀၁၃. ၁၄ ဘဏ္ဍာနှစ်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
အနေနဲ့ တရုတ်ပြည်က ချေးငွေရယူပြီး ဂျီအက်စ်အမ် လိုင်း ၂ သန်းခွဲ
တပ်ဆင်ရောင်းချမယ့် စီမံကိန်း အကောင်အထည်ဖော်မယ်လို့ စီမံကိန်းအင်ဂျင်နီယာ
ဒေါ်စန်းစန်းလွင်က ဒီဗွီဘီ ကို ပြောပါတယ်။၂၀၁၂ – ၁၃ ဘဏ္ဍာနှစ်ကုန်အထိ မိုဘိုင်းဖုန်း ၄ သန်းရှိလာရေး
ဆောင်ရွက်နေပြီး လက်ရှိအချိန်ထိ ၃ သန်း တပ်ဆင်ပြီး ဖြစ်တယ်လို့ သူက
ရှင်းပြပါတယ်။မြန်မာ့ဆက်သွယ်ရေးဟာ အခု နှစ်ဆန်းမှာ မိုဘိုင်းဖုန်း ၁
သန်းရောင်းချဖို့နဲ့ နောက်နှစ်စီမံကိန်းအတွက် အပါအ၀င် စုစုပေါင်း ဆင်းကတ် ၃
သန်းကျော် ၀ယ်ယူဖို့အတွက် စင်ကာပူနဲ့ ပြင်သစ် နိုင်ငံက ကုမ္ပဏီ ၂ ခုကို
တင်ဒါ ချပေးခဲ့ပါတယ်။ ဒီစီမံကိန်းတွေဟာ မြန်မာ့ဆက်သွယ်ရေး တခုတည်းက လုပ်ကိုင်မယ့်
စီမံကိန်းတွေဖြစ်ပြီး ဆက်သွယ်ရေးဥပဒေ အတည်ဖြစ်ပြီး နောက်ထပ်
ရင်းနှီးမြှုပ်နှံခွင့်ရမယ့် ကုမ္ပဏီ ၃ ခုရဲ့ စီမံကိန်းတွေတော့
မပါဝင်သေးဘူးလို့ ဒေါ်စန်းစန်းလွင်က ရှင်းပြပါတယ်။
DVB
DVB