ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

10 December 2012

လက်ပန်းတောင်း အကြမ်းဖက်ဖြိုခွင်းမှု မန္တလေး-ရန်ကုန်-မုံရွာတွင် ဆန္ဒပြ


လက်ပန်းတောင်းတောင်သပိတ်စခန်းတွေ ဖြိုခွင်းခဲ့ရာမှာ ဒဏ်ရာရရှိခဲ့ကြတဲ့ သံဃာတော်တွေ အရေးနဲ့ ပတ်သက်ပြီး ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့တို့မှာ သံဃာတော်တွေ ဦးဆောင်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးသံဃာများ ဆန္ဒပြ
မန္တလေးမြို့မှာ သံဃာအပါး ၅၀၀ လောက်နဲ့ လူပုဂ္ဂိုလ် ၃၀၀ လောက်တို့ဟာ ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့ အိမ်တော်ရာဘုရားကနေ သကျသီဟဘုရားအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး အချက် ၃ ချက် တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့

ဖိလစ်ပိုင်နှင့် တရုတ်တို့ကြား တောင်တရုတ်ပင်လယ်အငြင်းပွားမှု

တောင်တရုတ်ပင်လယ်က တချို့အစိတ်အပိုင်းတွေကို တရုတ်က သူ့အပိုင်လို့ ပြောနေပါတယ်။ တချိန်တည်းမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ဘရူနိုင်းနဲ့ မလေးရှားတို့ကလည်း အဲဒီအစိတ်အပိုင်းတွေကို သူတို့ အပိုင်လို့ ဆိုနေပါတယ်။ အငြင်းပွားနေတဲ့ အဲဒီတောင်တရုတ်ပင်လယ်ရဲ့ အောက်ခြေမှာ ရေနံနဲ့ ဓာတ်ငွေ့သိုက်တွေ တော်တော်များများရှိတယ်လို့ ယူဆတာတွေလည်း ရှိနေပါတယ်။

မုံရွာသံဃာတော်များ မေတ္တာပို့လမ်းလျှောက်


စစ်ကိုင်းတိုင်း မုံရွာမြို့မှာ သံဃာတော်အပါး ၃၀၀ လောက်က လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှုနဲ့ ပတ်သက်လို့ ကိုင်တွယ်မှုအပေါ် မကျေနပ်လို့ ကြွချီဆန္ဒပြပါတယ်။
ဒီနေ့ခင်း ၁ နာရီ စတင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး သံဃာတွေက လက်ပန်းတောင်း သပိတ်စခန်း ဖြိုခွင်းသူတွေကို အရေးယူဖို့နဲ့ မီးလောင်ဒဏ်ရာတွေရတဲ့ ကာယကံရှင် သံဃာတွေကို တိုက်ရိုက်တောင်းပန်ဖို့ လမ်းပေါ်ထွက် မေတ္တာပို့ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးသမားများနှင့် တိုင်းရင်းသားများ လူ့အခွင့်အရေးနေ့ ဆင်နွှဲ


လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကွန်ရက် (အိပ်ခ်ျအာရ်ဒီပီ) က နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကယားပြည်နယ်မှာ ဒီနေ့ကျင်းပရာ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း တက်ရောက်ကြပါတယ်။
လွိုင်ကော်မြို့ ပန်ဂမ်းကျေးရွာမှာ ကျင်းပတဲ့ ဒီပွဲကို ကယန်းပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြပါတယ်။
အိပ်ခ်ျအာရ်ဒီပီ ကွန်ရက်ခေါင်းဆောင် ဦးမြင့်အေး

အများလက်ခံယုံကြည်အောင် ဆောင်ရွက်ဖို့က အဓိက စိန်ခေါ်မှုဖြစ်တယ်


ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေကို နိုင်ငံတ၀န်းမှာ ကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့တဲ့ ၁ နှစ်တာအတွင်း အအောင်မြင်ဆုံးနဲ့ အထိရောက်ဆုံး ဆောင်ရွက်ချက် ၁ ခုကို ပြောပါဆိုရင်  ဘာကို ထောက်ပြပြီး ပြောချင်ပါသလဲ။

facebook မှကြည့် ချင်ရင် like လုပ်ပါ