လက်ပန်းတောင်းတောင်သပိတ်စခန်းမှာ
ဒဏ်ရာရသံဃာတွေကို အစိုးရက ၀န်ချတောင်းပန်ဖို့ တောင်းဆိုချက်ကို အစိုးရဘက်က
လျစ်လျူရှုလိုက်တဲ့အတွက် ရာပေါင်းများစွာသော သံဃာတော်တွေ ဒီကနေ့
လမ်းတွေပေါ်ထွက်ပြီး အထွေထွေသပိတ်ကို စတင်လိုက်ပါတယ်။
တနလာင်္နေ့က ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှုဦးဆောင်ကော်မတီက တောင်းဆိုချက် ၃ ရပ်ကို ထုတ်ပြန်တောင်းဆိုထားတာပါ။ အဲဒါတွေကတော့ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသံဃာတွေကို အမြန်ဆုံးဝန်ချတောင်းပန်ဖို့။ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်သူတွေကို ဥပဒေအရ ထိရောက်စွာအရေးယူပေးဖို့ တို့ဖြစ်ပါတယ်။

ရန်ကုန်သံဃာတော်များ ဆန္ဒဖော်ထုတ် ကြွချီလာစဉ်
အဲဒီတောင်းဆိုချက်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းတည့်မတိုင်ခင်
အစိုးရဘက်က လိုက်လျောဖို့ တောင်းဆိုထားပြီး မလိုက်လျောရင်တော့ နေ့ခင်း ၁
နာရီမှာစပြီး