မန္တလေးမြို့
ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်နဲ့ ဗကသ အဖွဲ့ဝင် ၃ ဦးကို
ချမ်းမြသာစည်တရားရုံးက တရားမ၀င်စီတန်းလှည့်လည်မှု (ပုဒ်မ၁၈)နဲ့
တရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်၊
ကိုသိန်းအောင်မြင့်၊ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်နဲ့ ကိုမင်းနိုင်လွင် (ခ) ကိုကျော်ကြီးတို့ ၄ ဦးဟာ မနေ့ညက ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့က သံဃာတော်တွေ ဦးဆောင်တဲ့ အထွေထွေသပိတ်မှာ ပါဝင်ဆန္ဒပြတဲ့ အပေါ် ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှုနဲ့ တရားစွဲတာပါ။

ဒီဇင်ဘာလ ၁၂ ရက်နေ့က မန္တလေးမြို့ ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်
ကိုသိန်းအောင်မြင့်ရဲ့ ဇနီး မခက်ခက်တင်က“မနေ့က သူတို့ ၄ ယောက်ကို
ခံဝန်လက်မှတ်ထိုးခိုင်းပြီးတော့