အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အများကောင်းကျိုးထမ်းရွက်နိုင်ဖို့
တိုင်းပြည်အာဏာလိုချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်တာနဲ့
ပတ်သက်လို့ ရှေ့နေတွေ၊ နိုင်ငံရေးသမားတွေရဲ့ အမြင်တွေကို
စုစည်းတင်ပြထားပါတယ်။
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်က ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။
“နိုင်ငံခြားသတင်းထောက်တွေက မေးတယ်။ ၂၀၁၅ ကျရင် သမ္မတဖြစ်ချင်လားလို့မေးတယ်။ ကျမကလည်း ဖြစ်ချင်တယ်လို့။ ဖြစ်မှပဲ ကိုယ်လုပ်ချင်တာ လုပ်လို့ရမှာလို့။ ဒီတော့ ဟိုတလောက ၁ ရက် ၂ ရက်လောက်ကလည်း နိုင်ငံခြားက သတင်းထောက်တယောက်က မေးတယ်။ ကျမကိုနိုင်ငံ့ အာဏာလိုချင်လားတဲ့။ လိုချင်တယ်လို့ ကျမကပြောလိုက်တယ်။ လိုချင်တယ်ဆိုတော့