ထိုင်းနိုင်ငံမှာ
ထွက်ပြီး ဆေးဝါးကုသနေတဲ့ မီးလောင်ဒဏ်ရာရ ကိုယ်တော် ၂ ပါးစလုံး အသက်အန္တရာယ်
မစိုးရိမ်ရတော့ဘူးလို့ ဒဏ်ရာရသံဃာတွေကို ကူညီနေတဲ့ ဦးသု ခေါ် ဦးသုဇနက
မိန့်ကြားပါတယ်။
“ဦးတိက္ခဥာဏက အသက်အန္တရယ် မစိုးရိမ်ရပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကတော့ လောလောဆယ် လှုပ်ရှားမှုအပိုင်းတွေမှာ တော်တော်အားနည်းလာပါပြီ။ မန္တလေးမှာတုန်းကတောင် လက်ကလေးတွေကို ဟိုဘက်စောင်း ဒီဘက်စောင်း လုပ်လို့ရတယ်။ လက်ကလေးတွေ ခြေထောက်ကလေးတွေ လှုပ်လို့ရတယ်။ အခုလက်ရှိမှာတော့ အသက်ကလည်းကြီးတယ် ဆိုတော့ လှုပ်လှုပ်ရှားရှားလုပ်တဲ့အခါမှာကို