အစိုးရက
ဒီဇင်ဘာလကုန်ပိုင်းမှာ ကေအိုင်အိုတပ်စခန်းတွေကို အပြင်းအထန်
တိုက်ခိုက်နေတဲ့အပေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ
(ယူအန်အက်ဖ်စီ) က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က နှစ်ဘက် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ သဘောတူညီကြပြီးကာမှ မတွေ့နိုင်သေးဘဲ ကြားကာလမှာ ဇန်န၀ါရီ ၁ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။