ဂျပန်နိုင်ငံရဲ့
ဒု-၀န်ကြီးချုပ်လည်းဖြစ် ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ တာရိုအာဆိုဟာ
မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဒီနေ့ညနေပိုင်းမှာ လေကြောင်းနဲ့
ရောက်လာဖို့ရှိတယ်လို့ ဂျပန်သံရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဂျပန်နိုင်ငံမှာ ၀န်ကြီးချုပ်သစ် ရှင်ဇိုအဘေး အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ဂျပန်အစိုးရရဲ့ အဆင့်အမြင့်ဆုံး ထိပ်တန်းခေါင်းဆောင် တဦးရဲ့ ခရီးစဉ်ဖြစ်ပါတယ်။

မစ္စတာ တာရိုအာဆို