တနင်္သာရီတိုင်း
ကော့သောင်းမြို့ကနေ တဖက် ထိုင်းနိုင်ငံ ရနောင်းမြို့ကို ထွက်ခွာမယ့်
လှေတစီးပေါ်က လူ ၈၅ ဦးကို မနေ့ညက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေထံက
သိရပါတယ်။
ခိုးထွက်မယ့်လှေဟာ ကမ်းစပ်မှာ ပုန်းကွယ်နေတာဖြစ်ပြီး သတင်းအရ ရဲက သွားရောက်ဖမ်းဆီးတဲ့အခါ လှေပေါ်မှာ ကလေးငယ် ၁၃ ဦးအပါအ၀င် လူ ၈၅ ဦးကို ဖမ်ဆီးရမိလိုက်တယ်လို့ ဆိုပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)ရဲ့ ကော့သောင်းမြို့ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ထက်အောင်က “ခိုးထွက်တဲ့လှေက ရနောင်းကမ်းမှာလည်း ဖမ်းတယ်ကြားလို့ မကူးရဲဘဲနဲ့ ၃ မိုင် ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်အောက်က ချိုင့်ထဲမှာ လူတွေကို မိလိုက်တာပေါ့ဗျာ။ ယောက်ျားလေးက ၆၄ ယောက်၊ မိန်းကလေးက ၈ ယောက်၊ ကျား-မ ကလေးငယ် ၁၃ ယောက်နဲ့ ပေါင်း ၈၅ ယောက်လေ။ ည ၁၁ နာရီလောက်က ဖမ်းမိတယ်” လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို