မြန်မာစစ်တပ်က
ကချင်ပြည်နယ်မှာ လေကြောင်း အသုံးပြုပြီး တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း
ကချင်ပြည်နယ်ကို အစိုးရက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး
ထွက်ပေါ်နေတဲ့ သတင်းတွေကို ကုလသမဂ္ဂအကြီးအကဲက လေးလေးနက်နက်
မှတ်တမ်းယူနေတယ်လို့ ဘန်ကီမွန်းရဲ့ ပြောခွင့်ရ မာတင် နပ်စ်ရှီကီ (Martin
Nesirky) က ပြောပါတယ်။