ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်း
ဘင်္ဂလီတို့၏ မီးရှို့ဖျက်စီးမှုခံလိုက်ရသော ကျေးရွာ(၁၀)ရွာ ခန့်မှာ
အစိုးရအပါအ၀င် ဒေသတွင်းလူမှုထောက်ပံ့ရေးအကူညီပေးနေသည့် အစီအစဉ်များ
ရပ်တန့်သွားပြီးနောက် ရွာသားများအနေဖြင့် စားနပ်ရိက္ခာ အခက်အခဲများနှင့်
ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများထံက သိရှိရသည်။
ပြီးခဲ့သည့်နှစ်
ဇွန်လအတွင်းက မီးရှို့ဖျက်စီးမှုကြောင့် မောရ၀တီ၊ ဝေသာလီ၊ ခရေမြိုင်၊
ကင်းချောင်း၊ ဗောဓိကုန်း၊ ကံသာယာ၊ သရေကုန်းဘောင်၊ ကိုင်းကြီးအစရှိသော
ဒေသခံကျေးရွာ (၁၀)ရွာခန့်မှာ ရိက္ခာအခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။

