မြန်မာနိုင်ငံတ၀န်းမှာ
လုပ်ဆောင်မယ့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အသစ် ၂ ခု ချပေးဖို့
ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီတွေကို မြန်မာအစိုးရက နိုင်ငံပိုင်
သတင်းစာတွေကနေတဆင့် တင်ဒါ ခေါ်ယူလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်သူလူထုအကြား တယ်လီဖုန်းသုံးစွဲမှုကို လာမယ့် ၂၀၁၅-၁၆ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိ တိုးမြှင့်ဖို့နဲ့ ပြည်သူအများ သက်သာတဲ့ဈေးနှုန်းနဲ့ စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ တင်ဒါဖိတ်ခေါ်ချက်မှာ ဖော်ပြထားပါတယ်။