ရခိုင်တိုင်းရင်းသားတွေ
နေ့စဉ်ရက်ဆက် ခြိမ်းခြောက်ခံနေရတာ၊ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်
စော်ကားခံနေရတာနဲ့ အကြမ်းဖက်သတ်ဖြတ်ခံနေရတာတွေအတွက် အစိုးရက
ကာကွယ်စောင့်ရှောက်ပေးဖို့ ရခိုင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
ပြည်တွင်းပြည်ပက ရခိုင်နိုင်ငံရေး၊ လူမှုရေး၊ လက်နက်ကိုင်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူမှုအခြေပြုအဖွဲ့၊ ကျောင်းသားနဲ့ ရဟန်းသံဃာတော်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်တွေဟာ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဇန်န၀ါရီ ၁၁ ရက်ကနေ ၁၄ ရက်နေ့ထိ ၄ ရက်တာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ရခိုင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ စောမြရာဇာလင်း