မြန်မာအလုပ်သမားတွေရဲ့
အသက် ၁၅ နှစ်အောက် သားသမီးတွေကို သက်သေခံ အထောက်အထားလက်မှတ်တွေကို
ထိုင်းနိုင်ငံက ထုတ်ပေးတော့မယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက
သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာအလုပ်သမားတွေရဲ့ သားသမီးတွေကို အထူးအခွင့်အရေးတရပ်အနေနဲ့ ထိုင်းနိုင်ငံထဲ တရားဝင် နေထိုင်နိုင်ဖို့ အခုလို သက်သေခံလက်မှတ်ထုတ်ပေးဖို့ ထိုင်းအစိုးရက ဇန်န၀ါရီလ ၁၅ရက်မှာ အတည်ပြုပေးလိုက်တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။