ဗိုလ်ချုပ်
စောလားဘွယ်ခေါင်းဆောင်တဲ့ ဒီကေဘီအေ (ကလိုထူးဘော) နဲ့ ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေ
ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြ၀တီမြို့က အစိုးရဧည့်ရိပ်သာမှာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ဒီကေဘီအေနဲ့ အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်တွေအကြား အခုလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ကိစ္စ အဓိကဆွေးနွေးကြတာဖြစ်ပြီး နယ်ခြားစောင့်တပ်ကနေ သိမ်းယူခဲ့တဲ့ လက်နက်တွေ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဒီကေဘီအေက ပြောပါတယ်။

မြ၀တီ အေးချမ်းဖြိုးရိပ်သာမှာ ဒီနေ့ မနက် ၁၁