ဒီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့က အိမ်တစ်အိမ်မှာ ဈေးက ၀ယ်လာတဲ့ ဘူးသီး တစ်လုံးမှာ အဆိပ်တွေ့တဲ့ အတွက် အခု ဈေးဝယ်တဲ့ သူတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သတိထား ၀ယ်ယူ စားသုံးနေကြရတယ်လို့ သတင်း ရရှိပါတယ်။
ဘူးသီးမှာ အဆိပ်တွေ့တာကို ကိုယ်တိုင် သွားရောက် စစ်ဆေးကြည့်ရှု့ခဲ့သူ ရဟန်းပျို စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကူညီ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဌ အရှင် ဥာဏက မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ခုလို မိန့်ကြားပါတယ်။