ရခိုင်ပြည်နယ် စစ်တွေမြို့သို့ နယ်မှ တင်သွင်းနေသော ဟင်းသီးဟင်းသီးများတွင် အဆိပ်များ ပါဝင်နေသဖြင့် စစ်ဆေး ဆောင်ရွက်ရန် ရဟန်းတော်များက ပြည်နယ် အစိုးရ အဖွဲ့ကို ယနေ့တွင် တင်ပြ တောင်းဆိုခဲ့သည်ဟု ရဟန်းတော်များ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး ဦးကေသာရက ပြောသည်။
“ ဦးဇင်းတို့က အဆိပ်တွေ ပါနေတဲ့ ဘူးသီးတွေကို လူကြီးတွေဆီကို ယူသွားတယ်။ သူတို့ကို တင်ပြတယ်။ ဒီမှာကြည့်ကြပါ။ လက်တွေ့ပြပြီး ဘူးသီးတွေမှာ အဆိပ်ပါနေတယ်ဆိုတာကို သူတို့ကို တင်ပြခဲ့ပါတယ်” ဟု ဦးကေသာရက ပြောသည်။