ကချင်လွတ်မြောက်ရေးတပ်မတော်
(ကေအိုင်အေ) ဌာနချုပ်အနီး လိုင်ဇာမြို့အ၀င်ဝ မုခ်ဦးနေရာထိ
အစိုးရတပ်တွေက သိမ်းယူတပ်စွဲထားလိုက်ပြီလို့ ကေအိုင်အေဘက်က အတည်ပြု
ပြောကြားလိုက်ပါတယ်။
ဇန်န၀ါရီ ၁၈ ရက်နေ့ကတည်းက လဂျားယန်ဒေသကို အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ မြေပြင်ကရော ဝေဟင်ကပါ အပြင်းအထန်တိုက်ခိုက်စဉ်မှာ လိုင်ဇာမြို့အ၀င် ဆိုင်းဘုတ်အထိ အစိုးရတပ်တွေက သိမ်းယူခဲ့တာလို့ ကေအိုင်အေ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။