ဆောင်ရွက်ဖို့ အတွက် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ စီးပွားရေး ဇုန်ကြီးများ အဖြစ် ဆောင်ရွက်မှု ကိုတော့ မင်းဓမ္မလမ်းနဲ့ ရှစ်မိုင် လမ်းဆုံ တို့မှာ ဆောင်ရွက်ဖို့ အတွက် သတ်မှတ် လျာထားတာ ဖြစ်ပါတယ်။
ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းသို့ တင်သွင်းလာသော ကုန်ပစ္စည်းများထဲမှ
အကောက်ခွန်ဆိုင်ရာဥပဒေများနှင့် မညီညွတ်သောကြောင့် ဒဏ်ရိုက်ရမှုပေါင်း ၃၀၀၀
ကျော်ရှိခဲ့ပြီး ယင်းအမှုများရရှိသော ဆုကြေးကျပ်သိန်း ၁၅၀၀ ကျော်အား
အကောက်ခွန်ဝန်ထမ်းများ ခံစားခွင့်ရရှိမည်ဟု အကောက်ခွန်ဦးစီးဌာန
စီမံဌာနခွဲမှ ညွှန်ကြားရေးမှူးဦးဇော်လင်းကပြောသည်။

