ရခိုင်ပြည်နယ် ရှေးဟောင်းမြို့တော် မြောက်ဦးသို့ နိုင်ငံခြားသားများ လာရောက် လည်ပတ်ခြင်းကို အာဏာပိုင်များက ပိတ်ပင် ထားသည်သာမက အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာပါကလည်း ဟိုတည်များတွင် တည်းခိုခွင့် မပြုရန် ညွှန်ကြားထားသည်ဟု သတင်း ရရှိသည်။
ထိုသို့ ညွှန်ကြားထားခြင်းကို ဟိုတည်နှင့် ခရီးသွား လုပ်ငန်း တာဝန်ရှိသူများက ဖုံးဖြင့် ပြုလုပ် ထားသည်ဟု အမည် မဖေါ်လိုသူ ဒေသခံ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။